Other Packages

Hanoi - Halong on Cruise

Tour Price
Tour Inclusive
  • - Yangon – Hanoi - Yangon flight ticket

    - Accommodation: Hotel in twin/ double sharing room

    - Transportation on air-conditioner vehicles.

    - Myanmar speaking Tour Leader

    - Entry fees for all sightseeing as mentioned on the program.

    - Breakfasts, Lunches and dinners

    - Cruise for Ha Long Bay

    - Fresh water

Tour Execlusive
  • - Single room, drinks, tip, personal expenses and all services not mentioned.


DAY 1 YANGON - HANOI

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ VJ918 ဖြင့် ညနေ 14:30 တွင်ထွက်ခွါပြီး Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 16:55 တွင် ဆိုက်ရောက်ပါမည်။ ညစာကို SEN TAY HO တွင် Buffet ဖြင့်သုံးဆောင်ပါမည်။



DAY 2 HANOI – HALONG

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော် ဟလောင်းပင်လယ်အော်သို့ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်တွင်လဲ ဗီယက်နမ်မှ တောင်သူလယ်သမားများ ပျော်ရွှင်စွာ ကောက်ပျိုးနေပုံများ၊ ရိတ်သိမ်းနေပုံများနှင့် စိမ်းလန်းလှပသော လယ်ကွင်းများကို စိတ်ကြည်နှူးဖွယ် မြင်ရမည်ဖြစ်ပြီး ဓာတ်ပုံများ တဝကြီး ရိုက်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ ဟလောင်းပင်လယ်အော်သို့ ရောက်ရှိလျှင် မိမိတည်းခိုမယ့် လှေပေါ်တွင် Check In ဝင်ပြီး သင်္ဘောခရီးစဉ်တစ်လျှောက် ဟလောင်းပင်လယ်အော်၏ အလှအပများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ညနေခင်းတွင်ရေကူးခြင်း၊ သဲသောင်ပြင်တစ်လျှောက် လမ်းလျှောက်ခြင်းများ ပြုလုပ်ကာ ဟလောင်းပင်လယ်အော်၏ ညနေနေဝင် အလှကို ခံစားရင်း သင်္ဘောပေါ်တွင် အိပ်စက်အနားယူမှာ ဖြစ်ပါတယ်။



DAY 3 HA LONG - HA NOI

မနက်ခင်း အချိန်တွင် နေထွက်ချိန် အလှနှင့်အတူ သင်္ဘောပေါ်တွင် Tai Chi ကစားကြပါမည်။ မနက်စာကို သင်္ဘောပေါ်တွင် သုံးဆောင်ပြီးနောက် ဟလောင်းပင်လယ်အော်တစ်လျှောက် အလှအပများကို သင်္ဘောစီးရင်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ နေ့လည်စာကို Buffet ဖြင့်သုံးဆောင်ပြီးနောက် Hanoi မြို့သို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ Hanoi မြို့သို့ရောက်ရှိလျှင် Hoan Kiem lake , Ngoc Son temple , Te Huc bridge စသောနေရာများသို့ သွားရောက်လည်ပတ်ပြီး ဗီယက်နမ်ရိုးရာ Water Puppet Show ကိုသွားရောက် ကြည့်ရှုပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Hanoi old quarter တွင် လွတ်လပ်စွာ လည်ပတ်ပြီးနောက် ဟိုတယ်တွင် ပြန်လည် ၍ အိပ်စက်အနားယူပါမည်။



DAY 4: HANOI – YANGON

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Ho Chi Minh mausoleum နှင့် One Pillar Pagoda တို့တွင် သွားရောက်လည်ပတ်ပြီး Hanoi အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။